Friday, January 15, 2016

အပြုံးမဲ့ အရူံးး(အပိုင်း ၁)

အပြုံးမဲ့ အရူံး (၁)

 ------------- လူတစ်ယောက် ကျွန်တော့်ရှေ့ ရပ်လာသည်။ ကျွန်တော်မော့ကြည့်လိုက်တော့ အလွန်ခန့်တယ့် လူကြီးတစ်ယောက်*** ''သူရဆိုတာ မောင်ရင်လား'' ''ဟုတ်ကဲ့  ခင်ဗျ''
ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။ ''ဒါဆိုမင်းကိုအန်ကယ်တစ်ခုပြောချင်တယ်'' ''ဟုတ်ပြောပါဦးလေး''
 ''မောင်ရင်နဲ့ --ငါ့သမီး ချစ်သူတွေဖြစ်နေတယ်လို့ ငါကြားတယ်''
 ''ဗျာ''
မထင်ရတယ့် စကားတစ်ခွန်းကြောင့် လူတစ်ကိုယ်လုံး ဘာဖြစ်သွားသည်မသိ ချစ်သူ၏အဖေက ရှေ့ ကိုရောက်နေလေပြီ
 ''အန်ကယ် -မေးတာပဲဖြေပါ''
 ''ဟုတ် ဟုတ် ဟုတ်ကဲ့ ခင်ဗျ''
 ''အေး ဒီက မောင်ရင်ကို အန်ကယ်တစ်ခုမေးချင်တယ်'' ''ဟုတ်မေးပါခင်ဗျ ''
 ''မောင်ရင် အန်ကယ့်သမီးကိုတစ်ကယ်ချစ်သလား '' ယောက္ခမကမေးနေပြီ မေးရက်လိုက်တာဗျာလို့  ပြန်ပြောလိုက်ချင်တယ်ဗျာ ကျွန်တော် သူ့ ကိုအရမ်းချစ်တယ် သူနဲ့ ကျွန်တော့ဘဝက မိုးနဲ့ မြေ လိုကွာခြားတာသိပေမယ့် ကျွန်တော့ဘဝမှာ သူ့ ကိုသာချစ်ခဲ့ ဖူးတာပါ…… ''ဘာစဉ်းစားနေတာလဲမောင်ရင်''
 ချစ်သူအဖေစကားကြောင့် လန့်သွားပြီး
 ''ချစ်ပါတယ်ဦးလေး ……''
 ''အေးဒါဆို …မောင်ရင် နောက်ဆုတ်ပေးပါလို့ အန်ကယ်တောင်းဆိုပါရစေ''
 ''ဗျာ…''
ကျွန်တော့ဆီက ဒုတိယ အာမေဋိသံ ''မောင်ရင်အန်ကယ့်သမီးကို ချစ်တယ်ဆို မောင်ရင်နောက်ဆုတ်ပေးသင့်တယ်''
 ''ဗျာ ……ဘာလို့ လဲ ဦးလေး''
 ''မောင်ရင့် ရဲ့  အချစ်ကို အန်ကယ်နားလည်ပါတယ်ကွာ…လူနှစ်ယောက်ရဲ့ ဘဝကို အချစ်တစ်ခုတည်းနဲ့  ဖန်တီးတည်ဆောက်လို့ မရဘူး''
 ''ဟုတ်ကဲ ကျွန်တော် နားလည်ပါတယ်'' ''ဒါဆိုမောင်ရင်နောက်ဆုတ်ပေးပါ……မောင်ရင် သေချာစဉ်းစားပါအုံးကွာ မောင်ရင်လိုဘဝနဲ့  အန်ကယ်တို့ ဘဝ မင်းအရမ်းချစ်တယ့် ငါ့သမီးကို မင်းရဲ့ ဘဝမှာထားရက်လား ဆင်းဆင်းရဲရဲထားချင်တာလား ''
 ''မထားချင်ပါဘူး ဦးလေး''
 ''အေး မင်းစဉ်းစားပါကွာ မင်းအရမ်းချစ်တယ့်သူကို မင်းဆင်းဆင်းရဲရဲထားမလား မင်းနောက်ဆုတ်ပေးပြီး ချမ်းသာတယ့်ဘဝမှာ မင်းထားမလား……'' ''သေချာစဉ်းစားပါမောင်ရင်……အန်ကယ်ပြန်တော့မယ်…အန်ကယ်ပြောတာစဉ်းစားထား''
 ကျွန်တော့ ဆွံ့ အသူပမာ သူပြောသမျှတွေကြားမှာ ခေါင်းငုံခါညိမ်နေမိတယ် ………… 


        (အပိုင်း ၂ )ဆက်လက်ဖက်ရူ့ ရန်
စောင့်မျှော်ပေးကြပါအုံး**

ကျွန်တော့ရဲ့ ဒုတိယရေးဖြစ်တယ့် ဝတ္ထုလေးပါ အစပိုင်းက ဖက်ဖူးနေကြ တွေနဲ့ တူပြီး အလွန်ရိုးရှင်းနေလို့  အားမပေးပဲမနေပါနဲ့  ကျန်အပိုင်းတွေဆက်ဖက်ပြီး ဇာတ်သိမ်းမှ ဝေဖန်ကြပါလို့ ………



အကြံပြုလိုသူများ====
09791212208,09971136743

Email  ==
www.patheintarlay60@gmail.com

သို့ ဝေဖန်အကြံပြုနိင်ပါတယ်……


                   အားလုံးကိုလေးစားလျက်
                       သွေးငယ်(ဖြိုးဇင်ကို)
                      ပုသိမ်သား

2 comments: