မေတ္တာနယ်ခြား
**********
ရှေးကုသိုလ်ကံ
အကြောင်းရယ်မလှလို့ 
နဂါးမလေးဖြစ်နေပေမယ့်
မောင်ဇော်ဂျီရင်ခွင်
နှမငယ်ခဏဝယ်အိပ်စက်ရပေမယ့်
နှမငယ်ပျော်ပါတယ်မောင်ရယ်……
နှမတော်လို နဂါးမကို
ကြောက်ရွံ့ ကာဖြင့်
မောင်ဇော်ဂျီအဝေးတစ်နေရာ
ပြေးထွက်ကာသွားပေမယ့်
နှမတော်ရင်ဝယ်ထွေးပိုက်ကာထားတယ့်
နှလုံးသားတစ်စုံမှာတော့
မောင်ဇော်ဂျီရှိနေပါသေးတယ်…
မောင်ရေ……
ဘဝတွေမတူလို့ 
ပေါင်းစပ်ဖို့ မဖြစ်နိင်ဘူးဆိုပေမယ့်
နှမတော်တို့ အချစ်တွေတူညီခဲ့ တယ်
နှောင်ဘဝဆိုတာရှိမယ်ဆို
မောင်ရင်ခွင်မှာ
လူသားတစ်ဖြစ်လဲ လို့ 
နှမတော်နဂါးမလေးအိပ်စက်ပါရစေ……
သွေးငယ် <<<ပုသိမ်သား>>>
မိတ်ဆွေတို့ ရေ
နေအရမ်းပူနေတယ်ဗျာ
အေးရင်လဲတစ်အားအေးတယ်
ကျန်းမာရေးဂရုစိုက်ကြအုံး*****
No comments:
Post a Comment