ခုလိုလာလို့ ကျေးဇူးပါ လမ်းမှားပြီးရောက်လာလဲ ကဗျာလေးတွေဖက်သွားပါဗျာ ပါဝင်ရေးသားချင်လဲဆက်သွယ်နိင်ပါတယ်ခင်ဗျာ
Friday, January 15, 2016
သူ့ ကိုချစ်တယ်
သူ့ ကိုချစ်တယ်
**********
vw.jpg
ငါ အင်္ဂလိပ်စာမတော်ပါဘူး ချစ်သူ
ဒါပေမဲ့ I love you တော့ ငါရေးတတ်တယ်...
ငါ ပထ၀ီညံ့ပါတယ် ချစ်သူ
ဒါပေမဲ့ ငါ့နှလုံးသား အလည်တည့်တည့်မှာ
နင်ရှိမှန်းငါသိတယ်...
ငါ သမိုင်းမပိုင်ပါဘူး ချစ်သူ
ဒါပေမဲ့ နင်နဲ့စတွေ့တဲ့အချိန်ကိုငါမှတ်မိတယ်...
ငါ Ecoညံ့ပါတယ် ချစ်သူ
ဒါပေမဲ့ အချစ်ကိုငွေနဲ့ဝယ်လို့မရဘူးဆိုတာ ငါသိတယ်...
ငါ Chemistry မကျေပါဘူး ချစ်သူ
ဒါပေမဲ့ နင့်အပြုံးလေးမြင်ရရင် ငါ့ရင်ထဲက
Reaction ဘာလဲဆိုတာပြောပြနိုင်တယ်...
ငါ Bio ညံ့ပါတယ် ချစ်သူ
ဒါပေမဲ့ နင့်ရဲ့အကြည့်က ငါ့ရဲ့သွေးပြန်ကြောနဲ့
သွေးလွှတ်ကြောနှစ်ခုစလုံးကို ထိန်းချုပ်နိုင်စွမ်း
ရှိတာကို ငါနားလည်နေတယ်...
ငါ Physic မတော်ပါဘူးချစ်သူ
ဒါပေမဲ့ သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတာ ငါသိတယ်...
ငါ သင်္ချာညံ့ပါတယ်ချစ်သူ
ဒါပေမဲ့ နင့်ကိုချစ်တဲ့ ငါ့အချစ်က ၁၅၀၀ ပြည့်မှန်း
ငါသိနေတယ်...
Credit: Nang Sam Hom
ဒီကဗျာလေးက Beetalk လူထုအကောင့်က ကဗျာလေးပါ
ကြိုက်လွန်းလို့ တင်ပေးလိုက်ပါတယ်။
ကဗျာလေးတွေ မတင် ပေးနိင်တာ
ခွင့်လွှတ်ပေ့းကြပါလို့ ။
ဆက်လက်ကြိုးစားပါအုံးမည်။
မှတ်ချက်။ ။ခေါင်းစဉ်လေးလွှဲထားပါသည်။
သွေးငယ်(ဖြိုးဇင်ကို)
ပုသိမ်သား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment