Tuesday, January 26, 2016
ချစ်ရက်ရှည်
ချစ်ရက်ရှည်
***********
ချစ်ရသူ  မင်းလက်တွဲကာ
ချစ်ရက်ရှည်  ဒီခရီးကို
မောင်တို့ လျောက်လှမ်းခဲ့ ပြီ
မောနေပြီလာမောင့်ချစ်သူ
ခရီရယ်ကြမ်းနေလို့ 
မောင့်ချစ်သူခြေထောက်လေး
သွေးကြည်တွေဥနေပြီလား
ကို ထမ်းလို့ ဆက်လျောက်ပါ့မယ်
ခဏတာအားတင်းထားပါ
မကြာမီ လျောက်လာသမျှ
ချစ်ရက်ရှည်ခရီးရဲ့
ပန်းတိုင်ဖြစ်သော
ပျော်ရွှင်ကြဖို့ 
လက်တစ်ကမ်းပဲလိုပါတော့တယ်
မောင့်ချစ်သူ……
@@@@@@@@@@@@@@@@@@@@
မျက်ရည်မကျနဲ့ 
*************
ပင်ပန်းလို့  ဆက်မလှမ်းနိင်ရင်
ခဏနားလိုက်ပါသူငယ်ချင်း
မင်းဘဝကြမ်းနေတယ့်အခါ
မျက်ရည်မကျနဲ့ သူငယ်ချင်း
ငိုနေလို့ မနက်ဖြန်အမြန်မရောက်ပါဘူး
မင်းကြိုးစားမှ ရောက်မယ့်
မင်းပန်တိုင်မင်းခရီအတွက်
ကျလာတယ့်မျက်ရည်သုတ်ပြီး
ကြိုးစားလိုက်ပါသူငယ်ချင်း………………
©©©©©©©©©©©©©©©
ဆက်လက်ကြိုးစားပါအုံးမည်……
အပြုံး မဲ့ အရူံး   မနက်ဖြန်  အပိုင်း  ၃  ၄  ၅ တင်ပေးပါ့မယ်……
ဒီလမကုန်ခင်   စာအုပ်လေးကို  လိုင်းပေါ်ကနေ ပြန်မျှဝေချင်ပါတယ်   အားပေးကြပါအုံး………
     စာတစ်ခါဖက်ပြီး
     ဗဟုသုတများစွာ  
     ရရှိသွားတယ့်အခါ
    တစ်စုံတစ်ရာအကျိုးရှိမှာပါ………
                        သွေးငယ်(ဖြိုးဇင်ကို)
                       ပုသိမ်သား(မြန်မာလူငယ်)
No comments:
Post a Comment