အပြုံးမဲ့ အရူံး
*************
***မိုး ကဘာလို့ ဒီနေ့ မှာ ရွာနေသည်မသိ ***
ပထမဆုံး ကျောင်းစတက်ရမည်ဆိုကာ မှ မိုးက အလွန်သဲနေလေသည်……… နံရံမှာချိတ်ထားတယ့် ထီးလေးကိုယူလိုက်ပြီး ဘာဖြစ်ဖြစ်သွားရမှာပဲဆိုတယ့် အတွေးနဲ့  ထွက်လာလိုက်လေသည်*****
* မိုးကလဲ သူ့ ရာသီဆိုပြီး အပြိုင်ရွာနေသည်လားမသိ ရှေ့ ကိုမမြင်ရပေ မိုးကတစ်အားကောင်းနေလေသည်………
အိမ်ကနေ လျောက်လာရာ လမ်းထိပ် ကားမှတ်တိုင်နားပင်ရောက်လာလေပြီ လမ်းထိပ်ကနေ မိန်းလမ်းမပေါ်အတက် ………
''တီ ……တီ''
''အား ………''
မဆင်မချင်မောင်းသည့်ကားကြောင့် လေးကိုလှိမ့်ရှောင်လိုက်ရာ လက်ထဲကထီးပင်လွင့်သွားလေသည်……ထိုအချိန်မှာ ကျွန်တော်နဲ့ ရွယ်တူ ကောင်လေးသုံးယောက် ပြေးချလာလေသည်………
''ထ.ထ ……''
''ထူးပေးလိုက်ပါကွ ငပုရ''
အရပ်ရှည်ရှည်တစ်ယောက်က ငပုဆိုတယ့် အရပ်ပုပုကောင်ကို လှမ်းပြောလိုက်လေရာ……
''အေးပါကွာ……မင်းတို့ လဲနဲနဲကူအုံးလေကွာ''
''အေးပါကွာ ……''
သူတို့  ကျွန်တော့ကိုဆွဲထူပေးကြသည် ……
''အား ……ကျွတ် ကျွတ်''
ကျိုးသွားပြီလားမသိပါဘူးဗျာ နာလိုက်တာ ……
''သူငယ် ချင်းကို တစ်ခုမှ မမြင်ဖူးပါလားကွ''
ငပုဆိုတယ့်လူက စမေးလေသည်………
(ဒီနေရာမှာနဲနဲပြောပါရစေ ကျွန်တော်ဆယ်တန်းအောင်တယ့်နှစ်မှာပဲ ကျွန်တော့အဖေဆုံးပါးသွားခဲ့ တယ်……မေမေကလဲဖေဖေမရှိတယ့် ရွာမှာမနေဘူးဆိုပြီး မြို့ ကိုတက်လာခဲ့ တာပါ)
''ဟုတ်……ကျွန်တော်ဒီကိုပြောင်းလာတာမကြာသေးဘူးဗျ……''
''အော် ……ဒါကြောင့်ကို ''
သူ့ စကားကြောင့်နဲနဲတောင်ကြောင်သွားတယ်ဗျ
''သူငယ်ချင်းကို စောစောကကားနဲ့ ပွတ်ဆွဲသွားတာ……ဒီရပ်ကွက်က သူဌေးသားကွ''
''ဟုတ်တယ်ကွ……''
ဘေးက နှာခေါင်းပွပွနဲ့ ကောင်က ထပြောလေသည်……
''ေ ဟျာင့် နှာဘူး မင်းပြောမှာလား ငါပြောရမှာလား''
''မင်းတို့ ဘယ်သူမှမပြောနဲ့ ငါပြောမယ်……''
အရပ်ရှည်ရှည်နဲ့ တစ်ယောက်ကဝင်ပြောတယ်……
''အေးအေး ……အရှည်ကြီးမင်းပြောပြလိုက်''
''ဒီလိုကွ ငါ့လူရ ……အယ့်ကောင်နံမည်က နေသူရိန်တယ့်ကွ…… သူ့ အဖေက ကုမဏ္ဏီပိုင်ရှင်သူဌေးကွ''
''အော်……''
ကျွန်တောလဲ အော်ဆိုပြီး သူပြောမှာကိုဆက်နားထောင်နေလိုက်တယ်……
''သူဌေးသားဆိုပြီး ဆိုးချင်တိုင်းဆိုနေတာပေါ့ကွာ……ဒီရပ်ကွက်ထဲက လူမိုက်တွေကလဲသူ့ုလက်အောက်ခံတွေပဲ……ဒါနဲ့ ငါ့လူက ကျောင်းသားသစ်ထင်တယ်ကွ''
''ဟုတ်တယ်ဗျ ……''
''အော် ……ငါတို့ လဲခုမှ ကျောင်းတော်ကြီးမြေနင်းမယ့် ကျောင်းသားသစ်တွေပဲကွ……''
''တွေ့ ရတာဝမ်းသားပါတယ်ဗျာ……''
''အေး ငါမိတ်ဆက်ပေးမယ်……ငါ့ကိုငါအရင်မိတ်ဆက်ပေးမယ်……ငါနံမည်က အလွန်အေးလို့ အမေပေးထားတာ
……အေးချမ်းတယ့်ကွ ဆော်ကြည်ဘဲပေါ့''
''ဘာ ……အေးချမ်းဟုတ်လား …မှတ်ပုံတင်ထဲကနံမည်တွေလာပြောမနေနဲ့ …အယ့်ကောင်နံမည်က အရှည်ကြီး……''
ငပုဆိုတယ့်လူက ဝင်ပြီး နံမည် ကိုဖော်ထုတ်ပါတော့တယ်……
''ဟဲဟဲ… ငါ့ကိုတော့အမေက အလွန်လှလို့ ဆိုပြီးပေးထားတာ မောင်လှဝင်းတယ့်ကွ''
''ငပုလို့ ပြောလဲရပါတယ်ကွာ……''
နာခေါင်းကြီးကြီးက ဝင်ထောက်လေသည်……
''သူငယ်ချင်းတွေကတော့ ချစ်လို့ ဆိုပြီး ……ငပုလို့ ခေါ်တယ်ကွ''
''အော် ဟုတ်ကဲ့ ပါခင်ဗျာ …ကိုငပု ''
''မင်းပုတာ ခုမှစတွေ့ တယ့်လူတောင်သိတယ်…ဟာ''
အရှည်ကြီးကဝင်ဟားလေသည်……
''အဟမ်း ……''
အဟမ်းဆိုပြီး နှာခေါင်းကြီးကြီးကောင်က ထလုပ်လေသည်……
''ဘာလဲ……ချွဲကျပ်နေတာလား …ဆောလ်မြူ့ သောက်လိုက်''
ငပုက ဝင်နောက်လေသည်……
''ငါ့အလှည့်ရောက်ပြီလေကွာ…''
''ဟေ……မင်းအလှည့်ရောက်ပြီးလား…သေမင်းကြီးရာ ဒီကောင်ကို မြန်မြန်ခေါ်ပြီး ငရဲပြည်သာပို့ လိုက်စမ်းပါ…''
အရှည်ကြီးက ဝင်ပြီးမျက်နှာပြောင်လိုက်သည်…
''ငါပြောတာက ငါ့ကိုငါမိတ်ဆက်ရမယ့်အလှည့်ရောက်ပြီပြောတာကွ……''
''မြန်မြန်မိတ်ဆက် နှာဘူးကောင် အတန်းတက်ချိန်နီးလာပြီကွ……စစတက်တယ့်နေ့ အတန်းနောက်ကျလို့ မဖြစ်ဖူး…''
''အေး အေးပါကွာ ……ကို့ လူကို့ ကိုမှတ်ထား ကို က တော့ ကမ္ဘာကျော်မယ့် မောင်အောင်ကျော်ပါကွာ''
''အေးမင်းက …နှာဘူးကျပြီး ကမ္ဘာကျော်မှာလေ…နှားဘူးလို့ သာခေါ်''
''ငါတို့ ကတော့ ……ပျော်ပျော်ပဲနေတက်တယ်…မင်းနံမည်လဲပြောပြပါအုံးကွ''
''ကျွန်တော့နံမည်က ဝဏ္ဏ ပါဗျာ''
''ဟေ……ရာဇဝင်က …ဝဏ္ဏကျော်ထင်လားကွ''
''ဟား …… မဟုတ်ရပါဘူးကွာ''
''အေးပါကွာ……ကဲကျောင်းနားလဲရောက်ခါနီးနေပြီ…အမြန်သွားရအောင်''
အရှည်ကြီးစကားကြောင့် ကြည့်လိုက်တော့ ကျောင်းပေါက်ဝတောင်ရောက်ခါနီးလာပြီ…… ပထမဆုံးကျောင်းစတက်ရမှာဆိုတော့ ပျော်နေတာ ……ဒီလူနောက်သုံးယောက်နဲ့ တွေ့ မှ ပိုပျော်စရာကောင်းသွားပြီ………
အပိုင်း(၂) ပြီးပါပြီ အပိုင်း(၃)
ကို
**ဆက်လက်အားပေးပါအုံး**
ကျန်အပိုင်းတွေကို အမြန်တင်ပေးနိင်အောင်ကြိုးစားပေးပါ့မယ်……… စာရေးဆရာတစ်ယောက်မဟုတ်တယ့်အတွက် အမှားများပါက သည်းခံခွင့်လွှတ်ပါလို့ ပြောပါရစေ………
ကျွန်တော်နဲ့  စကားလေးတွေပြောပြီးဝေဖန်ချင်တယ်ဆိုရင်တော့
ကျွန်တော့  BeeTalk id=mobilekoko ဆိုတယ့်အကောင့်လေးကို လာရောက်စကားပြောကြားနိင်ပါတယ် ………
အားလုံးကိုလေးစားလျက်……
သွေးငယ်(ဖြိုးဇင်ကို)
ပုသိမ်သား(မြန်မာလူငယ်)
လူ့ ဘဝ
********
လောကကြီးမှာ ဆင်းရဲတယ့်အခါ
အနိမ်ခံကြရတက်တာ
သဘာဝတရားတစ်ခုလိုဖြစ်နေပါပြီ…
ဘယ်သူတွေဘယ်လောက်နိမ်နိမ်
ငါအရူံးမပေးဘူးဆိုတယ့်စိတ်နဲ့ 
မိမိယုံကြည်ရာ ဝါသနာပါရာကိုလုပ်ကိုင်ကာ
တစ်နေ့ အောက်မြင်ရမယ်ဆိုတယ့်
စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး
လူ့ ဘဝကို ကြိုးစားကျော်ဖြတ်နိင်ကြပါစေ…………
***ပုသိမ်မြို့ ကိုအလည်လာရင် မေ့မနေကြပါနဲ့ ဗျာ***
အားပေးခဲ့ပါပြီ
ReplyDelete