လမ်းမှားနေတာလား}
တက်လူတွေ……တက်လူတွေ…လုံးလ ဝိရီယရှိပါလေ
ငယ်ငယ်က ကျောင်းမှာ အားရပါးရဆိုခဲ့ ကြတယ့် စာသား ပြန်ကြားယောင်မိပြန်တယ်ဗျာ………
လူငယ်ဆိုတာ လှေကားအောက်က လူသားပါပဲ တက်စရာနေရာတွေအများကြီးပဲ နေရာမှာရပ်နေပြီး ဘဝကို အလကား အချိန်ကုန်ခံကြမှာလား………
ခုခေတ်မှာလူငယ်ဆိုတာ လမ်းဆုံးကကြိုရပ်နေတယ့် လူလိုပဲ
တစ်ခုပြောချင်တာက လူငယ်တစ်ချို့ ဟာ လမ်းမှားရောက်နေတယ့်အတွက် ဆက်လျောက်ရမယ့်လမ်းကပျော်နေကြပါတယ်……
လမ်းပေါ်က လူငယ်ဘဝ ဆေးလိပ်ကို လက်ကြားညပ်ပြီး လမ်းမပေါ် လျောက်သွားနေနိင်မှ သူတို့ ဘဝကိုသူတို့ ကျေနပ်နေကြပါတယ်……
လူငယ်တွေဘယ်နေရာမှာ ရောက်နေလဲ
လူငယ်တွေ ဘာနဲ့ အချိန်ကုန်နေကြလဲ……
(1)ခုခေတ် လူငယ်အများစု အရက်ဆိုင်မှာပါ
(2)ဂိမ်းဆိုင်မှာပါ
(3)အဆိုးဆုံးအချက်ပါဗျာ မိဘခေါ်တာပြန်မထူးနိင်အောင် အာရုံတွေစုထားကြရတယ့် အင်တာနက်ပေါ်မှာပါ……
ဖုန်းတွေပေါ်လာတာ ကောင်းပါတယ် အသုံးချတာမှန်မယ်ဆိုရင်ပေါ့ဗျာ ၂၄ နာရီရဲ့  ၁၂ နာရီခန့် ကို လူငယ်တွေဟာ ဖုန်းနဲ့ တင်အချိန်ကုန်ခံနေကြပါသည်……
ဖုန်းမကိုင်ရဖူးလား အယ့်လိုလဲမဟုတ်ပါဘူး ကိုင်ပါကောင်းပါတယ် အင်တာနက် သုံးပါ ကောင်းပါတယ် အကျိုးရှိရှိအသုံးပြုပါ လူငယ်တစ်ချို့  အင်တာနက်ကို Chatting အတွက်သာသိနေကြပါသည်……
ညီငယ်တွေ ဘာလုပ်နေလဲ COC ဆော့နေကြပါသည်…
နိင်ငံခြားကကလေးတွေ ၁၂ နှစ်သားမှာ application,game ဖန်တီးရှင်တွေဖြစ်နေပြီ ……ဒါတွေဟာ တိုးတက်မူ့ ထက် လေ့လာမူ့ နဲ့ ပိုဆိုင်ပါတယ်…
မိဘများ သတိပေးပါရစေ မိမိကလေးကို ပညာတက်ဖြစ်စေချင်ရင် လုံးဝဖုန်းမဝယ်ပေးသင့်ပါဘူး…
လိုင်းပေါ်မှာ တွေ့ နေရပါတယ် ညီ,ညီမတွေ စာမကျက်ကြတော့ပါဘူး ကလေးရဲ့ စိတ်ဟာ ဖုန်းပေါ်ကိုပဲရောက်နေပါတယ် …… မိမိကလေးလမ်းမပျောက်အောင် လမ်းမှားကိုတွန်းမပို့ ကြပါနဲ့ ……
ယောကျာ်းလေးများခံယူချက်အလွဲများ မိန်ကလေးတွေစိတ်ဝင်စားအောင် ယောကျာ်းပီသဖို့ ဆိုပြီး
(1)ဆေးလိပ်သောက်တယ်
(2)အရက်သောက်တယ်
(3)တက်တူးထိုးတယ်
ဒါဟာမှားယွင်းမူ့ တစ်ခုပဲ ဒါတွေလုပ်တက်မှယောကျာ်းတယ့်လား ……
လမ်းမှားကို ဆက်လျောက်နေရင် လမ်းပျောက်နေအုံးမှာပဲလို့  လူငယ်တွေထဲက လူငယ်ဖြစ်တယ့် ငါသတိပေးရင်း ပေရှည်သွားတယ့်စာလေး ဒီနေရာမှာ ခေတ္တနားပါရစေ…………
သွေးငယ်(ဖြိုးဇင်ကို)
ပုသိမ်သား(မြန်မာလူငယ်)
No comments:
Post a Comment