Wednesday, January 27, 2016
အပြုံးမဲ့ အရူံး အပိုင်း(၃)
*အပြုံးမဲ့ အရူံး*   အပိုင်း{၃}
………………………………………
     ''ငါသား…မင်းတက္ကသိုလ်ဆိုတယ့် ကျောင်းကြီးကိုတက်ရရင်အောင်ကြိုးစားပါ…ကျောင်းတော်ကြီးရောက်ရင်လဲ  ပညာကိုသာအရင်ရှာပါကွာ''
ဖေဖေ့စကား  နားထဲမှာပြန်ကြားယောင်လာလေသည်…
         ''ဝဏ္ဏ   ဘာတွေစဉ်းစားနေတာလဲကွ  ကျောင်းထဲကဝင်ကောင်းပါတယ်ကွ''
       ငပုအသံကြားမှ  အတွေးကရပ်သွားတော့သည် 
        ''မဟုတ်ပါဘူးကွာ   ငါနဲနဲအတွေးလွန်သွားလို့ ပါကွာ''
        ''ဟေ့ကောင်တွေ  လာကွမြန်မြန်  အဝတ်စားလဲ  ရအုံးမယ်''
           ''အေးပါအရှည်ကြီးရာလာပါပြီကွာ''
ကျောင်းနောက်က အိမ်သာမှာ အဝတ်စားတွေလဲပြီးပြန်ထွက်လာခဲ့ ကြရာ…
       ''ခဏ  ကွ ခဏ''
ကျွန်တော့်စကားကြောင့်သူတို့ ခြေလှမ်းတွေရပ်သွားလေတော့သည်……
     ''ဘာဖြစ်တာလဲကွ'' 
နှာဘူးကဝင်ဟောက်လေသည်……
 မိုးရေတွေစိုနေတယ့်  သစ်ရွက်လေးပေါ်မှာ   ရွှေခြေကျင်းလေး  တစ်ခုမိုးရေထဲမှာ……
     ''ဒီမှာ ရွှေခြေကျင်းလေးကွ…''
     ''ဟန်ကျပြီကွာ  သွားရောင်းကြမယ်လာ…''
ငပုကရောင်းဖို့ စကားစလာလေတော့သည်……
       ''ကဲကွာ  ကဲကွာ   ……မင်းကလေ  အချောင်ပဲချောင်းနေတာ  အယ့်တာကြောင့်  မင်းနာခေါင်းက တစ်နေ့ တစ်ခြားပွပွလာတာ…''
အရှည်ကြီးက  ဝင်နိပ်ကွပ်လေတော့သည်……
       ''လာကြပါကွာ……ပိုက်ရှင်တွေ့ တော့ပြန်ပေးတာပေါ့ ''
ဒီလိုနဲ့ လေးယောက်သား  ကျောင်းနောက်ဖက်ကနေ  ကျောင်းရှေ့ ကို ချီတက်လာကြသည်……
အယ့်လေးယောက်ထဲမှ    အသားဖြူဖြူ     အကျီ  င်္ အဖြူလေးနဲ့ ကောင်မလေး   မျက်နှာလေးကနီရဲနေသည်……
မသိမသာသူတို့ နားဖြတ်အလျောက်မှာ……
    ''ရှာစမ်းပါ  ခိုင်လေးရာ …အယ့်ပစ္စည်းက  ငါ့မွေးနေ့ မှာ  ငါ့ဖေဖေလက်ဆောင်ပေးထားတာဟ''
ထိုအသားဖြူဖြူ မိန်းမချောလေးက  သူ့ သူငယ်ချင်းတစ်ယောက်ကို ပြန်ပြောနေလေသည်…
    ''အေးပါဧကရီရယ်…ငါတို့ လဲရှာနေတာပဲဟ……ယမူံနဲ့   စာဥ  နင်တို့ လဲရှာလေဟာ''
    ''ရှာနေတာပဲဟ…''
နောက်ကမိန်းကလေးနှစ်ယောက်သံပြိုင်ထအော်လေသည်…
အယ့်လိုအခြေနေမျိုးမှာ  မနေတက်တာက  ငပု
     ''ညလေးတို့   ဘာရှာနေတာလဲ  …ပိုက်ဆံမရှိလို့    ဘယ်သူများကျကျန်မလဲလို့   လိုက်ရှာနေကြတာလား……''
     ''ဘာပြောလိုက်တယ်  …စိတ်တိုနေတာနော်  ဟင်းး''
ခိုင်လေးဆိုတယ့်တစ်ယောက်ကထဟောက်လိုက်တော့   ငပု မျက်နှာ နဲနဲတွန့် သွားသည်……
 ကျွန်တော်လဲ  မနေနိင်တော့ပဲ  မိန်းမချောလေးကို  မေးရပါတော့တယ်…
      '' ဒီကသူငယ်ချင်းက  ဘာပျောက်လို့ လဲခင်ဗျ''
ကျွန်တော်မေးလိုက်ချိန်   သူပြန်လှည့်အကြည့်မှာ  မျက်လုံးချင်ဆုံးသွားလေတော့သည်……ကျွန်တော်လဲ အကြည့်မလွှဲပဲ ဆက်ကြည့်နေလိုက်တယ်…
အယ့်တော့မှ  သူကတစ်ဖက်လှည့်ပြီး  …
    ''ဖေဖေမွေးနေ့ ကလက်ဆောင်ပေးထားတယ့် ရွှေခြေကျင်းလေး  ပျောက်သွားလို့ ပါ…''
ကျွန်တော်လဲ အချိန်မဆွဲတော့ပဲ   အိပ်ကပ်ထဲထည့်ထားတယ့်   စောစောကခြေကျင်းလေးကိုထုတ်ပြလိုက်တော့တယ်…
     ''ဒါသူငယ်ချင်း  ခြေကျင်းလေးလားမသိဘူး''
     ''ဟုတ်  ဟုတ်တယ်ရှင့်    ဒါကိုရှင်ဘယ်ကရတာလဲ''
သူပျော်သွားလေတော့သည်   စောစောကမျက်ရည်တွေဝဲနေတယ့်  သူမျက်လုံးလေးက  အပျော်တွေနဲ့  အရောင်လက်သွားတော့တယ်…
     ''ဟိုဘက်  လမ်းအကွေ့ လေးကရတာပါ…''
သူ့ ပြောပြီး  နောက်ပြန်ကြည့်တော့  ငပုက ကောင်းစားနေသည်   ကူမရှာပဲ    ဟိုကောင်မလေတွေနဲ့  စကားတွေပြောနေကြသည်  …သူတို ကြည့်ကာမှာ  အရှည်ကြီးနဲ့   နှာဘူးပျောက်နေတာသိတော့တယ်…
ဒီနှစ်ကောင်ဘယ်များသွားပါလိမ့်…
    ''ခိုင်လေးတို့    တွေ့ ပြီဟ  ရှာမနေနဲ့ တော့……''
    ''ဟေ   ဟုတ်လား  ဘယ်ကတွေ့ တာလဲဟ''
    ''သူဆီက  ''
သူ့ ဆီကဆိုပြီး  မိန်းမချောလေးလက်ညိုးထိုးတော့   ခိုင်းလေးဆိုတယ့်တစ်ယောက်က  ဒေါသမျက်လုံးနဲ့ ကျွန်တော့ဖက်လှည့်ပြီး  ……
    '' နင်က ငါ့သူငယ်ချင်း  ခြေကျင်းခိုးပြီး  ဇာတ်လမ်းဆင်တာမလား……''
     ''ဟာ  မဟုတ်မဟုတ်ရပါဘူးဗျာ  ……ငပုဟေ့ကောင့်  လာရှင်းပေးအုံးကွ''
 ဒီတော့မှ  ငပုဝင်လြာ့ပီး   ……
     '' မခိုးပါဘူးဟာ …နင့်သူငယ်ချင်းခြေထောက်က ခြေကျင်းကို  ငါတို့ ကဘယ်လိုခိုးမလဲဟ… ငါတို့ အိမ်သာက ပြန်အလာ  ယိုဘက်လမ်းကကောင်ရတာဟာ……''
      ''အော်ဒီလိုကို   …အာ့ဆိုsorry ''
sorry  ဆိုပြီး  အပြစ်မရှိတယ့်အတိုင်းပဲ  တစ်ဖက်လှည့်ပြီး……
      ''လာ  ဧကရီ  နင့်ဟာတွေ့ ပြီ ပဲ  သွားကြမယ်''
ထိုအခါဂျပုက  ဝင်ပြီး……
     ''ဟာဒီလိုပဲသွားတော့မှာလား ကျေးဇူးလေးဘာလေးဆပ်အုံးလေဟ''
     ''နင်ကလေ   အရပ်နဲ့ ကိုမလိုက်ဖူး  ပြောတာက ကျေးဇူးဆပ်ရအောင်နင့်ကျေးဇူးဘာရှိလို့ လဲဟ''
ခိုင်လေစကားက  ဂျပုကိုအတော်ထိတယ် ကျွန်တော်လဲဆက်ကြည့်နေလိုက်တော့တယ်……
    ''နင့်သူငယ်ချင်း  ဟာကငါတို့ ကောက်ရတာလေဟာ   ဒီတော့ကျေးဇူးဆပ်ရမှာပေါ့''
      ''ကဲ  ခိုင်လေးတော်ပါတော့ဟာ  ရှက်စရာကြီး   ငါတို့ လဲသူငယ်ချင်းအသစ်ရတာပေါ့…''
     ''ဒီလိုဂျပုနဲ့   သူငယ်ချင်းမတော်ချင်ပါဘူးဟာ…''
      ''ငါကလဲမတော်ချင်ပါဘူး  …  ''
ဂျပုမခံနိင်တော့  ဝင်ပြောလေတော့သည်…… 
        ''လာလေ  ခင်တယ့်အမှတ်တရအနေနဲ့   ကန်တင်းမှာ  တစ်ခုခုသွားစားကြတာပေါ့   မိုးခဲမရွာတော့ဘူး'' 
       ''တွေ့ လား  စေတနာကောင်းတယ့်သူကချောတယ်  …စိတ်ထားမကောင်းတယ့်သူက   လူက  ကျီးကန်းလိုပဲ……''
        ''နင်ဘယ်သူ့ ပြောတာလဲ''
ခိုင်လေးဒေါသထက်သွားသည်……
        ''နင့်မပြောပါဘူးဟာ   ……မဟုတ်ရင်မနာနဲ့ ''
    ကျွနိတော်လဲမနေသာတော့ပဲ……
        ''တော်ပါတော့ ဂျပုရာ  လာကွာ  သူတို့ ကခေါ်နေတာပဲလိုက်စားကြတာပေါ့……''
စားဖို့ ကြမှ  ဂျပုဘာကိုသတိရသွားသည်မသိ  ဟိုကြည့်  ဒီကြည့်လုပ်p…
       ''ဝဏ္ဏ    အရှည်ကြီးနဲ့    နှာဘူးရောကွ''
       ''အေးငါလဲမသိဘူး    ကန်တင်းမှာနေမှာပေါ့ကွာ   …ဟိုကြတွေ့ မှာပေါ့ကွာ''
ကျောင်းတော်ကြီးကိုစတက်ရတယ့်နေ့ မှာပဲ  ပျော်ရွှင်စရာသူငယ်ချင်းတွေ  ရပါတော့တယ်……
အပိုင်း ၄ ကိုလဲဆက်လက်ဖက်ရူ့ ကြပါအုံးဗျာ
အားလုံးကိုအထူးလေးစားလျက်
                     သွေးငယ်(ဖြိုးဇင်ကို)
                        ပုသိမ်သား(မြန်မာလူငယ်)
ဖက်ရတာ  စိတ်မရှည်တော့ဘူးထင်တယ်    အပိုင်းတစ်ပိုင်းနဲ့ တစ်ပိုင်းက   အချိန်တွေကွာနေတော့   နောင်နေ့ ကစပြီး  အဆက်မပြတ်အောင်တင်ပေးပါ့မယ်……
No comments:
Post a Comment