{စိတ်မကောင်းလို့ ဝမ်းနည်းမိတာပါ}
……………………………………………………
ကိုလှမောင်တစ်ယောက် ဈေးထဲသို့ လမ်းလျောက်လာစဉ်
အမှတ်မထင် ငယ်ပေါင်း ကိုမြကြီးနှင့်ပြန်ဆုံလေသည်……
ကိုလှမောင်။ ။ ခင်ဗျား ကိုမြကြီးမလား …
ကိုမြကြီး ။ ။ဟုတ်တာပေါ့လှမောင်ရာ………
ကိုလှမောင်။ ။ခင်ဗျားကျွန်တော့ကိုမှတ်မိတယ်ဟုတ်လား…
ကိုမြကြီး ။ ။မှတ်မိတာပေါ့ကွ………
ကိုလှမောင်။ ။ခင်ဗျာဘယ်တုန်းကမြို့ ရောက်တာလဲဗျ…
ကိုမြကြီး ။ ။တစ်ပတ်လောက်ရှိပြီဗျ……
ကိုလှမောင်။ ။လာဗျာဒါဆိုလဲ မြို့ ထဲအတူဈေးဝယ်ထွက်ကြတာပေါ့ဗျာ…
ကိုမြကြီး ။ ။ကောင်းတာပေါ့လှမောင်ရာ………
ကိုလှမောင်။ ။ဒါဆိုလဲသွားကြတာပေါ့………
ကိုမြကြီး ။ ။လှမောင် မင်းကဈေးထဲဘာလာဝယ်တာလဲကွ……
ကိုလှမောင်။ ။ဘာရယ်မဟုတ်ပါဘူးဗျာ မီးကြိုးခွေ လာဝယ်တာပါ………
ကိုမြကြီး ။ ။အော် အေးဒါဆိုသွားဝယ်ကြတာပေါ့ကွာ……
ကိုလှမောင်။ ။ အိုကေ……
ကိုမြကြီး ။ ။နေစမ်းပါအုံးလှမောင်ရ……
ကိုလှမောင်။ ။ဘာဖြစ်လို့ လဲဗျ……
ကိုမြကြီး ။ ။ ရှေ့ ကအဝတ်ဆိုင်မှာ ကောင်မလေးတွေကောင်လေးတွေ ကြိတ်ကြိတ်တိုးနေပါလားကွ……
ကိုလှမောင်။ ။ဟုတ်တယ်လေဗျာ…Valentine's day အတွက် တူညီဝတ်စုံဝယ်နေကြတာပါဗျာ……
ကိုမြကြီး ။ ။နေစမ်းပါအုံးလှမောင်ရ …ဘာလဲValentine's day ဆိုတာက
ကိုလှမောင်။ ။ချစ်သူများနေ့ လေကိုမြကြီးကလဲ……
ကိုမြကြီး။ ။ ချစ်သူများနေ့ ဟုတ်လား…ဘယ်နေ့ လဲကွ ဘယ်သူသတ်မှတ်ထားတာလဲ……
ကိုလှမောင်။ ။လူငယ်တွေပြောကြတာပဲ…ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ချစ်သူများနေ့ တယ့်……ဘယ်သူသတ်မှတ်တာလဲမသိဘူး…
ကိုမြကြီး။ ။သူတို့ ခေတ်ကလဲ ရူပ်နေတာပဲကွာ………
ကိုလှမောင်။ ။လာပါဗျာ ရှေ့ ဆက်လျောက်ကြတာပေါ့ဗျာ…
ကိုမြကြီး။ ။သွားကြတာပေါ့ လှမောင်ရာ……
ကိုလှမောင်။ ။အတော်ပဲဗျာ ရှေ့ မှာဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ဆိုင်ပဲဗျာ ဗိုလ်ချုပ်ပုံသွားဝယ်ကြရအောင်…
ကိုမြကြီး ။ ။အေး ငါလဲဝယ်မယ်……
ကိုလှမောင်။ ။ခုဖေဖော်ဝါရီ၁၃ ဆိုကျွန်တော်တို့ လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၁ နှစ်ပြည့်ပြီဗျ……
ပုံတွေကိုရွေးနေရင် နောက်မကြည့်ပဲ ကိုလှမောင်တစ်ယောက်အလုပ်ရူပ်နေသည်……ခဏနေမှ
ကိုလှမောင်။ ။ကိုမြကြီး ဘာတွေစဉ်းစားနေတာလဲဗျ…
ကိုမြကြီး။ ။ဘာမှမဟုတ်ပါဘူးလှမောင်ရာ ငါစိတ်မကောင်းဖြစ်မိလို့ ပါ……
ကိုလှမောင်။ ။ဘာကိုစိတ်မကောင်းတာလဲကိုလှမောင်……
ကိုမြကြီး။ ။စောစောကဟိုဘက်နားမှာ အမှတ်တရပစ္စည်းဆိုင်မှာ လူငယ်တွေကြိတ်ကြိတ်တိုးနေတာလေ ခင်ဗျားပြောတယ့် ချစ်သူများနေ့ အတွက်လေ……
ကိုလှမောင်။ ။ဟုတ်တယ်လေဗျာ အလုယက်ဝယ်နေကြတာ ……
ကိုမြကြီး ။ ။အော် လူငယ်တွေကိုကြည့်ပြီးဝမ်းနည်းမိလို့ ပါဗျာ …
ကိုလှမောင်။ ။ကဲဘာများ ဝမ်းနည်းတာလဲရှင်းပါအုံးဗျာ…
ကိုမြကြီး ။ ။ဒီလိုလေဗျာ မြန်မာ့သမိုင်း မြန်မာ့ ရာဇဝင်မှာမရှိတယ့် ချစ်သူများနေ့ အတွက် လက်ဆောင်တွေအလုယက်ဝယ်နေကြပြီး ကျွန်ပ်တို့ သမိုင်းရဲ့  နှလုံးသားထဲမှာ မေ့မသွားတယ့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ဆိုင်မှာ လူတစ်ယောက်တောင်မမြင်ရလို့ ပါဗျာ……
ကိုလှမောင်။ ။အော် ကိုမြကြီးရာ သူတို့ ကလူငယ်တွေမို့ မသိတာနေမှာပါ……
ကိုမြကြီး ။ ။မသိလို့ ဟုတ်လား လှမောင် …လူငယ်ဆိုတာ အနာဂတ်တိုင်းပြည်အတွက် ခေါင်းဆောင်ဖြစ်မှာပါ…လူငယ်ထဲက ဒါကိုမသိရင် လူကြီးဖြစ်လာရင်…နောင်မြန်မာ့အနာဂတ် လူငယ်တွေနဲ့ ရင်လေးပါတယ်ဗျာ……
ကိုလှမောင်။ ။ဒါတော့ဟုတ်တယ် ကိုမြကြီးရေ လွတ်လပ်ရေးနေ့  ပြည်ထောင်စုနေ့  အာဇာနည်နေ့  ဆိုတာ ခုခေတ်ကျောင်းသားတွေက ကျောင်းပိတ်လို့ သာသိတာဗျာ သူတို့ မမေ့တာက မသင်ပဲသိနေတာက ဖေဖော်ဝါရီ ၁၄
ကိုမြကြီး ။ ။ ၁၃ ကိုကျော် ၁၄ ပဲသိနေတယ့် ခုခေတ်လူငယ်တွေကတော့ဗျာ ……ဝယ်ဝယ်လှမောင် အချိန်မလင့်ခင် သွားကြရအောင်……………
အကောင်လုပ်ပြီး ဒီစာကိုရေးသားလိုက်ချင်းမဟုတ်ပါ ဖြစ်သမျှ မြင်သမျှကိုပြန်ရေးပေးချင်းသာဖြစ်ပါသည်……
ချစ်သူများနေ့ အတွက် ငွေးကြေးတွေအကုန်ကျခံ နေရာစုံလည်နိင်ပါတယ်…
ဒါပေမယ့် ရင်ထဲနှလုံးသားထဲကမမေ့နိင်တယ့် ငါတို့  အဘဗိုလ်ချုပ်မွေးနေ့ မှာတော့ ဘုရားမှာ ကုသိုလ်တစ်ခုပြုပေးကြရအောင်လို့ တိုက်တွန်းရင်……
အမှန်တွေပဲပြောလို့ 
လူတစ်ကာမကြည်တယ့်
ကျွန်တော်သွေးငယ်
ဒီစာလေးကို ဒီနေရာ ခေတ္တနားလို့  နိဂုံးချုပ်လိုက်ပါတယ်ဗျာ
သွေးငယ်(ဖြိုးဇင်ကို)
ပုသိမ်သား(မြန်မာလူငယ်)
သွေးငယ် နေ့ လည်ဘက်အားရင် လူ တွေအကြောင်းသိအောင် လိုင်းပေါ်မှာအမြဲရှိနေပါတယ်…
ပျင်းလို့ ပဲဖြစ်ဖြစ်
ဝေဖန်ချင်လို့ ပဲဖြစ်ဖြစ်
ကဗျာလေးတွေပေးချင်ရင်ပဲဖြစ်ဖြစ်
BeeTalk ID=mobilekoko
ကနေ ရှာပြီုးမိတ်ဖွဲ့ နိင်ပါတယ်………
အားလုံးကို ကြိုဆိုလျက်………
ဆက်လက်ကြိုးစားပါအုံးမယ်……အားပေးမူ့ လေးတွေလိုချင်တယ်ဗျာ………
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရပုံလေးတွေတင်ပေးလိုက်ပါတယ်
No comments:
Post a Comment