အပြုံးမဲ့ အရူံး အပိုင်း{၄}
……………………………………
ကျွန်တော်လဲ သူတို့ ခေါ်ရာလိုက်သွားလိုက်တော့သည်……မျက်နှာလေးနီရဲပြီး အစကငိုတော့မလိုဖြစ်နေတယ့် မိန်းမချောလေးက ခုတော့ ခြေလှမ်းတွေကသွက်နေလေသည်………
ဘေးကငပုကလဲ ကျွန်တော့်ကိုငယ်ပေါင်းလို ခင်နေတယ့်ပုံပဲ စားရတော့မယ်ဆိုတော့ပျော်နေပုံရတယ် သူ့ ခြေလှမ်းတွေလဲတက်ကြွနေလေသည်……
ဒီသူငယ်ချင်းတွေနဲ့ ဆိုတော့ ကျွန်တော်လဲ ကျောင်းတက်ရမှာ မပျင်းတော့ပါဘူးး………
''ကဲထိုင်ကြ…ဘာစားမလဲ ဘာသောက်မလဲ……''
''အအေးသောက်မယ်……အကြော်စားမယ်''
ငပုကအစားသမားပီပီ သူစားချင်တာထပြောနေတော့သည်……
''အေးနင်စားချင်တာ မှားစား ပြီး နင့်ဘာသာရှင်း''
ခိုင်လေးက ဝင်ဟောက်လေသည်………ငပုတင်းသွားပြီ…
''နင့်ကိုလဲ မကျွေးခိုင်းပါဘူး ……ဒီက မိန်းမချောလေးကကျွေးမှာ''
''ဟားး ……အရပ်နဲ့ မလိုက်ဖူး ဖားတာက''
ခိုင်လေးစကားကြောင့်ငပုခံပြင်းသွားသည်……
''ဟုတ်ပါပြီရှင် ……မှာပါရှင်…ကျွေးပါတယ်''
မိန်းမချောလေးက လူနဲ့ လိုက်အောင်သဘောကောင်းသားဟု ကျွန်တော်တွေးပြုံးခိုက်လေသည်……တွေးနေရင် ကျွန်တော်တစ်စုံတစ်ခုကိုသတိရသွားပြီး……
''ဒါနဲ့  ……ဟိုသူင
်ချင်းတို့ ထဲက နှစ်ယောက်ရော ……''
''သူတို့ လား ဟိုဘက်ခဏသွားတယ် …ပြန်လာလိမ့်မယ်''
''အော်……ဟုတ်ကဲ့  ဒီကမိန်းမချောလေးနံမည်က……''
ကျွန်တော်လဲသိချငိဇောကများနေတော့ မေးလိုက်တော့တယ်…
''ဧကရီ ပါရှင် …သူကတော့ ခိုင်လေးပါ……''
''ခိုင်လေးတယ့်လား……ဘယ်နားကခိုင်တာလဲ''
ငပုဝင်နောက်လေသည်……
''ဘာပြောတယ် အေးဆေးနေနော်…''
ခိုင်လေးဆိုတယ့်တစ်ယောက် …စိတ်တိုသွားသည်……
''တွေ့ ရတာ ဝမ်းသာပါတယ်ဗျာ ကျွန်တော့်နံမည်က ဝဏ္ဏပါ …သူကတော့…''
''ကျွန်တော့နံမည် မောင်လှဝင်းပါဗျာ……''
ကျွန်တော်မပြောလိုက်ရဖူး သူ့ ဘာသာပြောလိုက်လေသည်…ကျွန်တော်မိတ်ဆက်ပေးရင်း ငပုလို့ ဖြစ်မှာဆိုးလို့ ထင်တယ် သူ့ ဘာသာမိတ်ဆက်သွားသည်……
''ဟုတ်လို့ လား စောစောကနင့်ကိုငပုလို့ ခေါ်တာကြားလိုက်သလိုပဲ……''
ခိုင်လေးကဝင်ပြီးပြောလိုက်ရာ ငပုမျက်နှာရူံ့ သွားပြီး……
''အယ့်တာက သူငယ်ချင်းတွေစရင်းနောက်ရင်းခေါ်တာဟ…''
''ငါတို့ လဲ အယ့်လို ပဲခေါ်မယ်လေ နော်ငပု…ဟားး''
''ခေါ်ဟာ ခေါ်……''
ငပု စိတ်တိုသွားလေတော့သည်……
''ဟားး …စိတ်တိုတာ ချစ်စရာကြီး …''
''ဟေနင်တကယ် ငါ့ကိုချစ်တာလား''
''လဲသေလိုက်လေ ငါကချစ်စရာလား……''
''ဟားးးး……''
ကျွန်တော်နဲ့  ဧကရီ တိုင်ပင်မထားပဲ ပြိုင်တူ ရီလိုက်လေသည်……
တစ်ယောက်နဲ တစ်ယောက် ကြည့်ပြီး ထပ်ရီလိုက်မိပြန်သည်………
''ဟားးးး……''
ငပုနဲ့ ခိုင်လေးပါ ရောရီကြလေတော့သည်……
ကျွန်တော်တို့ ရီသံတွေလဲ တိတ်သွားရော………
''ငါတို့ အရင်တွေ့ တာ ……''
''မဟုတ်ဘူး ……ငါတို့ အရင်တွေ့ တာ……''
ထိုအသံတွေကြောင့်ပြန်ကြည့်လိုက်ရာ အရှည်ကြီးနဲ့ နှာဘူး ဧကရီ သူငယ်ချင်းနှစ်ယောက်နဲ့ ငြင်းခုံ ပြီး ကျွန်တော်တို့ ရှိရာ လျောက်လာကြလေတော့တယ်……
''နင်တို့  အရင်တွေ့ အရင်ကောက်လေ ……ငါတို့ အရင်ကောက်တော့ ငါတို့ ပိုင်တယ်……''
''ဟာနင်တို့  ယောကျာ်းလေးတွေဆိုပြီး …အနိင်မကျင့်နဲ့ နော်……''
ကျွန်တော်တို့ စာပွဲရှေ့ ရောက်လာကြသည်……
'' ဟာ ဆူညံနေတာပဲကွာ ဘာဖြစ်လာကြတာလဲ စာကလေးသိုက် ကျားဝင်နိုက်တာကျနေတာပဲ……''
ငပုဒေါသနဲ့ အော်လိုက်မှ ငြိမ်သွားကြတော့တယ်……
''ကဲ ဘာဖြစ်လာတာလဲပြောကြ……''
ငပုက ဆရာကြီးဝင်လုပ်လေတော့သည်……
''ဒီလိုကွာ မင်းတို့ သူနဲ့ နဲ့  ဟိုလမ်းမှာ ခြေကျင်းရှာနေတုန်း ဒီကောင် နှာဘူးလေကွာ အိမ်သာမှာ ပိုက်ဆံအိပ်ကျန်ခဲ့ တာ …''
''ဟာကွာ …သူတို့ နဲ့ ဖြစ်တာကို ပြော အရပ်နဲ့ လိုက်ပြီး လေမရှည်နဲ့ …''
ငပုကတော့ တစ်ကွက်ပြီးတစ်ကွက်ကို ဝင်ပြီးဆရာလုပ်နေတော့သည်…ကျွန်တော်လဲ စိတ်ဝင်စားတာနဲ့  ဆက်နားထောင်လိုက်တော့သည်……
''အေးပါကွ ပြောပါ့မယ် ငါတို့ ပိုက်ဆံအိပ်ယူပြီးပြန်အလာ လမ်းမှာ ပိုက်ဆံ ၁၀၀၀ တန်အသစ်လေး ကျနေတာကွ …အယ့်တာနဲ့  ငါနဲ့ နှာဘူးကပြေးကောက်တယ်ကွာ……အယ့်မှာ သူတို့ ကလဲပြေးလာပြီး သူတို့ အရင်တွေ့ တာလုပ်နေတာကွ''
''ဟားးးး ………………''
ကျွန်တော်တို့  လေးယောက်တိုင်ပင်မထားပဲ ပြိုင်တူထရီမိလေတော့သည်……
'' ဘာရီတာလဲကွ ……မင်းတို့ က''
နှာဘူးက ဝင်မေးလေတော့သည်……ဟိုကောင်မလေးနှစ်ယောက်ကတော့ ရှက်သွားသည်ထင်တယ်………
''မင်းတို့ အဖြစ်က ရီရတာကိုကွ……''
ကျွန်တော်လဲရီရတယ့်အကြောင်းရင်းကို ဝင်ပြောလိုက်ရသည်……
''ကဲပေးအယ့်ပိုက်ဆံ ……''
ငပုက ပိုက်ဆံ ကိုတောင်းလိုက်သည်……
''ရော့ မင်းကဘာလုပ်မလို့ လဲ…… ဒီဝိုင်းရဲ့ ကုန်ကျစာရိတ်ထဲထည့်လိုက်မယ်လေ……အားလုံးအဆင်ပြေသွားတာပေါ့……''
''မဆိုးပါဘူး……အရပ်နဲ့ မလိုက်အောင် လည်ပါတယ်''
ခိုင်လေးဝင်ပြောလိုက်ရာ……
''နင်ဒီအရပ်ပဲ ပြောနေတာပဲ……ဘုရားဟောတာ ပုထုဇဉ်ပဲရှိတယ် ရှည်ထုဇဉ်မရှိဘူးဟ ……သဘောပေါက်''
''အေးပါ ဘုရားသမားရယ်…''
'' မင်းတို့ ကိုမိတ်ဆက်ပေးမယ်…… ''
ကျွန်တော်လဲပြသနာအေးသွားအောင် ……ဝင်ပြောရလေတော့သည်……
''သူကဧကရီ …… သူကခိုင်လေး အဲဟိုဘက်က ……''
''အော် ဒီဖက်က အရပ်ရှည်ရှည်က ယမူံ …ဟိုဘက်က ဆံပင်ရှည်ရှည်က စာဥတယ့်…''
''စာဥတယ့်လား ……ပြုတ်စားရမလား''
နှာဘူးဝင်နောက်လိုက်သည်……
''ဘာပြောတယ် ……''
''သားကစတာကို……''
''မင်းတို့ နံမည်လဲမိတ်ဆက်ပေးလိုက်အုံး……''
ကျွန်တော်ငြိမ်နေလို့ မရတော့ပေ ……
''ကျွတ်တော်က အေးချမ်းပါ သူငယ်ချင်းတွေက အရှည်ကြီးလို့ ခေါ်ပါတယ်''
သူ ရှည်တာပါထည့်ပြောနေလေသည်………
''ကျွန်တော်ကတော့ …… အောင်ကျော်ပါ……နှာခေါင်းကြီးလို့  နှာဘူးလို့ ခေါ်ကြပါတယ်''
''နှာခေါင်းကြီးလို့ ခေါ်တာ ဟုတ်မယ်မထင်ပါဘူးဟာ နင့်ရုပ်က နှာဘူးရုပ်ကို……''
ဟားးးးး……တစ်ဖွဲ့ လုံး ဟားတိုက်သွားတော့သည် ပျော်နေကြတော့ ဘေးဝိုင်းကလူတွေတောင် သတိမထားမိတော့ဘူး……
စားလိုက်သောက်လိုက်နဲ့  အတန်းလဲမတက်ဖြစ်တော့ပါဘူး……စားသောက်ပြီးတာနဲ့  သူတို့ ကိုနူတ်ဆက်ပြီး ကျွန်တော်တို့ လဲအိမ်ကိုပဲပြန်လာလေတော့သည်……
လမ်းထိပ်ရောက်မှ……
''ငါတို့ သွားတော့မယ်ဝဏ္ဏ မနက်ကြလမ်းထိပ်ကပဲစောင့်နေ…'
''အိုကေ …စောင့်နေမယ် …မနက်ဖြန်မှ တွေ့ ကြတာပေါ့.'
''ငါတို့ သွာပြီးကွာ……''
'အေးအေး …''
သွားပြီကွာဆိုပြီး သူတို့ လဲသူတို့ လမ်းဖက်ပြန်သွားတော့သည်…
ကျွန်တော်လဲ ခာလမ်းထဲဖက်ကွေ့ ပြီးအိမ်ကိုပဲဦးတည်ပြန်လာလိုက်တော့တယ်……ပျော်နေလို့ လားမသိ ခြေထေညက်ကမြေကြီးတောင်ထိရဲ့ လားလို့  …ကို့ ဘာသာတွေးပြုံး မိလေသည်…
အိမ်ပေါ်လှမ်းအတက်မှာ … အမေအိပ်နေသည်…အမေကဘာလို့ ဒီအချိန်အိပ်နေလဲတွေ့းကာ အမေ့နားသွားပြီး……
''အမေ နေမကောင်းဘူးလား……''
ကျွန်တော်မေးမှ အမေကျွန်တော့်ဖက်လှည့်လာပြီး ……
''ကောင်းပါတယ်သားရယ်…အမေခေါင်းနဲနဲမူးနေလို့ ပါ…ရေချိုးပြီးထမင်းစား အမေငါးဟင်းချက်ထားတယ်……''
''ဟုတ် အမေသားရေချိုးလိုက်အုံးမယ်……''
''အေးအေး…အမေလဲအနားယူတော့မယ်''
အမေလဲပြန်အိပ်ပြီမို့ ကျွန်တော်လဲရေးမိုးချိုးစားသောက်ပြီး စောစောအိပ်ယာဝင်ပါတော့တယ်……
အိပ်ယာစောစောဝင်ပေမယ့် အိပ်လို့ မရဖူး ဒီနေ့ အဖြစ်ပျက်တွေကိုပြန်စဉ်းနေမိတယ် စဉ်းစားရင်း ကျွန်တော့ မျက်လုံးထဲမှာ ရယ်နေရင် အလွန်ချစ်စရာကောင်းတယ့် ဧကရီဆိုတယ့်မိန်းမချောလေးမျက်နှာလေးကိုမြင်ယောင်ပြီး……တစ်ဖြေးဖြေးအိပ်ပျော်သွားပါတော့သည်………………
အပိုင်း(၄)တင်ပေးလိုက်ပြီနော် အပိုင်း(၅)ကို ဆက်ဖက်ကြအုံး
အားလုံးကိုကျေးဇူးတင်လျက်
သွေးငယ်(ဖြိုးဇင်ကို)
ပုသိမ်သား(မြန်မာလူငယ်)
အပိုင်း(၅)
မျှော်