Thursday, December 17, 2015

လမ်းခွဲ

လမ်းခွဲ(ထားသွားတော့မှာလား………)



လမ်းခွဲ
*****

ထားသွားတော့မှာလားချစ်သူ
နင်ငါ့ကိုမေ့နိင်ပြီပေါ့
အတိတ်ကိုမေ့ပြီး
အနာဂတ်ကို
ငါမပါပဲသွားတော့မယ်ပေါ့
နင်မသိဘူးချစ်သူ
ငါအတိတ်မှာပျော်ရွှင်ခဲ့ သမျှ
ခုပစ္စုပ္ပန်နဲ့  နောင်အနာဂတ်မှာ
ဝေဒနာတွေခံစားရတော့မယ်
အကြောင်းပြချက်တွေမပေးပဲ
ထွက်သွားတယ့်မင်းကို
ငါမတားချင်တော့ဘူး
မင်းကငါ့ရင်ခွင်မှာမပျော်လို့ 
ငါလိုလူကိုထားခဲ့ ပြီပဲ
ငါကလဲ မင်းပျော်မှ
စိတ်ချမ်းသားသူပါ
ခုတော့ မင်းကပျော်ရာကိုထွက်သွားပြီ
ငါကတော့ဝေဒနာကိုအဖော်ပြုရင်း
နင်ပြန်လာမယ့်နေ့ ရက်တွေကို
စောင့်မျှော်ရတော့မယ်
တကယ်ဆိုနင်ပြန်မလာမှန်း
ငါသိပါတယ်ချစ်သူရာ
ငါမှာမျှော်လင့်ချက်လေးတော့
လိုချင်သေးလို့ ပါချစ်သူ………

                           သွေးငယ်(ဖြိုးဇင်ကို)
                              ပုသိမ်သား



ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း

အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။



No comments:

Post a Comment