Thursday, December 24, 2015

အတ္တမဟုတ်ပါ

အတ္တမဟုတ်ပါ


ငါမင်းကိုပိုင်ဆိုင်ချင်တာ
ငါ့အတ္တကြောင့်မဟုတ်ပါဘူး
ငါအရမ်းချစ်တယ့်မင်းကို
ပိုင်ဆိုင်ခွင့်ရချင်ယုံပါ
ငါအရမ်းချစ်တယ့်မင်းကို
တစ်ပါသူရင်ခွင်မှာ
ငါမမြင်ချင်လို့ ပါ
လူတစ်ချို့ ကထင်မှာပေါ့
ငါကအတ္တသမားလို့ 
တကယ်တော
မင်းနဲ့ ပက်သက်လာရင်
ငါ့မှာအတ္တဆိုတာမရှိပါဘူးကွာ………
သွေးငယ်(ဖြိုးဇင်ကို)
ုပုသိမ်သား

Sunday, December 20, 2015

ဖြူစင်ချစ်

ဖြူ စင်ချစ်
*<><>*
    ငါနင့်ကိုချစ်တယ်  ဘာကြောင့်မှန်းတော့မသိ

  1. နင်က ဖြူစင်တယ်
  2. ရိုးသားတယ်
  3. ငါ့အပေါ်နားလည်နိင်တယ်
  4. ငါ့အပေါ်သစ္စာရှိတယ်
  5. ငါ့ဘဝတွက်အားပေးခဲ့ တယ့်
  6. နင်ကမချမ်းသာတာငါသိတယ်(ငါမမက်မောဘူး ငါတကယ်လိုချင်တာနင့်အချစ်)
  7. နင်ကအရမ်းမလှပါဘူး(ငါကလဲနင့်မျက်နှာလေးလှတာထက် နင့်နှလုံးသားလှတာကိုချစ်မိတာပါ)
  8. နင်ကပညာတက်တစ်ယောက်မဟုတ်ဘူး(ငါ့ယုံကြည့်တယ်ချစ်သူ နင့်မှာ ပညာဘွဲ့ မရှိပေမယ့်  လူကောင်းဘွဲ့ ရှိတယ် အယ့်ဘွဲ့ ကငါပေးထားတာပါ)
  9. အားမငယ်ပါနဲ့ ချစ်သူရာ  တိုက်၊တာ၊အိုး၊အိမ်၊စည်းစိမ်တွေပေါ်မှာနေရတာထက်စာရင် ငါ့ငိုချစ်တယ့်နင့်နှလုံးသားရင်ခွင်မှာနေရတာ  ငါပိုပျော်ပါတယ်
  10. ဘယ်လိုဘဝဖြစ်ဖြစ်တစ်ယောက်ကိုတစ်ယောက်အားပေးရင်း  လူတိုင်းပြောတယ့်ဘဝဆိုတာကို  ရင်ဆိုင်ကြတာပေါ့
ငါနင့်အပေါ်ချစ်တာ ဘာမျှော်လင့်ချက်မှမပါပါဘူး  နင့်ဆီကအချစ်တစ်ခုကိုပဲ ငါလိုချင်မိတာပါကွာ………



သွေးငယ်(ဖြိုးဇင်ကို)
     ပုသိမ်သား         




ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း


အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။


Saturday, December 19, 2015

နင်သင်ပေးတယ့်အထီးကျန်မူ့ 

နင်သင်ပေးတယ့်အထီးကျန်မူ့ 
ချစ်သူ
ငါအရင်အဖော်မရှိပဲမနေတက်ဘူး
အပေါင်းအသင်းဆိုအရမ်းခင်တက်တယ်
တစ်ယောက်တည်းနေရတာငြီးငွေမိတယ်
ထိုဘဝထဲကို
မမျှော်လင့်ပဲ
နင်တစ်ယောက်ဝင်လာခဲ့တယ်
ဝင်ခွင့်ပြုပါမပြောပါပဲ
ဇွတ်တရွတ်ဝင်လာတယ့်မင်း
ပြန်ပါအုံးမယ်မပြောပဲ
ခုငါ့နှလုံးသားကို
ခြေဆုံကန်ပြီးထွက်သွားပြီနော်
ငါ့နှလုံးသားလေးလဲ
နင်ကန်သွားတယ့်ဒဏ်ရာကြောင့်
အမာရွတ်လေးဖြစ်နေပြီ
ငါကလဲအယ့်အမာရွတ်လေးကို
မဖျောက်ရက်ဘူး
နင်ပေးခဲ့ တယ့်နောက်ဆုံး
လက်ဆောင်ဖြစ်နေလို့ ပါ
တစ်နေ့ မှာပြန်လာနိုးနဲ့ 
မင်းနဲ့ တူပျော်ဖူးတယ့်နေရာတိုင်းမှာ
ငါစောင့်နေဆဲပါချစ်သူ
ငါတစ်ယောက်တည်း
အထီးကျန်မူ့ ဘဝမှာ
မနေတက်လို့ ပါ
ပြောသာပြောရတာပါချစ်သူ
ငါလဲလေမင်းသင်ပေးခဲ့ တယ့်
အထီးကျန်မူ့ ဆိုတာကြီးမှာ
ပျော်နေမိပါပြီ
မင်းကိုလွမ်းတယ့်အလွမ်းတွေနဲ့ ………


                                သွေးငယ်(ဖြိုးဇင်ကို)
                        ပုသိမ်သား

                                                  ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း

အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။



Friday, December 18, 2015

မိုးသဲညရယ့်ဒဏ္ဏာရီ

မိုးသဲညရယ့်ဒဏ္ဏာရီ
မိုးသဲညရယ့်ဒဏ္ဏာရီ
•••••••••••••••••

မိုး……
မှောင်မဲတယ့်ညအမှောင်မှာ
မိုးဖွဲလေးတွေက တစ်ဖြိုက်ဖြိုက်နဲ့ 
မထင်မှတ်ပဲ သူနဲ့ ဆုံမိတယ်
မိုးရေကြားမှာတွေ့ ပြီး
မိုးရေတွေနဲ့ ပျော်ခဲ့ ကြတယ်
တစ်နေ့ မှာဝေးရမယ်ဆိုတာ
ငါတို့ တွေမသိခဲ့ ကြဘူး
ခုတော့လဲ
မိုးရေးကြားကပျော်ခဲ့ တယ့်အပျော်တွေ
ပြန်တွေးတိုင်းပျော်မိတယ်
ခုချိန်မှာတော့ငါ့မျက်ရည်တွေ
မိုးနဲ့ အတူရွာသွန်းနေပြီ
ဘယ်အချိန်ပြန်လာမယ်မသိတယ့်
တစ်ချိန်ကချစ်သူနင့်ကို
မိုးရေတွေကြားမှာမျော်နေမိတယ်
မိုးရွာတိုင်း ငါ့စိတ်တွေ
နင့်ဆီကိုပဲရောက်နေအုံးမှာပါ………

                    သွေးငယ်(ဖြိုးဇင်ကို)
                      ပုသိမ်သား





ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း

အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။




         

Thursday, December 17, 2015

လမ်းခွဲ

လမ်းခွဲ(ထားသွားတော့မှာလား………)



လမ်းခွဲ
*****

ထားသွားတော့မှာလားချစ်သူ
နင်ငါ့ကိုမေ့နိင်ပြီပေါ့
အတိတ်ကိုမေ့ပြီး
အနာဂတ်ကို
ငါမပါပဲသွားတော့မယ်ပေါ့
နင်မသိဘူးချစ်သူ
ငါအတိတ်မှာပျော်ရွှင်ခဲ့ သမျှ
ခုပစ္စုပ္ပန်နဲ့  နောင်အနာဂတ်မှာ
ဝေဒနာတွေခံစားရတော့မယ်
အကြောင်းပြချက်တွေမပေးပဲ
ထွက်သွားတယ့်မင်းကို
ငါမတားချင်တော့ဘူး
မင်းကငါ့ရင်ခွင်မှာမပျော်လို့ 
ငါလိုလူကိုထားခဲ့ ပြီပဲ
ငါကလဲ မင်းပျော်မှ
စိတ်ချမ်းသားသူပါ
ခုတော့ မင်းကပျော်ရာကိုထွက်သွားပြီ
ငါကတော့ဝေဒနာကိုအဖော်ပြုရင်း
နင်ပြန်လာမယ့်နေ့ ရက်တွေကို
စောင့်မျှော်ရတော့မယ်
တကယ်ဆိုနင်ပြန်မလာမှန်း
ငါသိပါတယ်ချစ်သူရာ
ငါမှာမျှော်လင့်ချက်လေးတော့
လိုချင်သေးလို့ ပါချစ်သူ………

                           သွေးငယ်(ဖြိုးဇင်ကို)
                              ပုသိမ်သား



ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း

အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။



Wednesday, December 16, 2015

လက်တွဲဖော်


လက်တွဲဖော်
<><><><>
ချစ်သူ
ကို့ လက်ကိုတွဲ  ဘဝတစ်ခုတူတူတည်ဆောက်ကြမယ်
ချစ်သူ…
အကောင်းဆုံးမဟုတ်တောင်
အတက်နိင်ဆုံး
ကောင်းမွန်တယ့်ဘဝတစ်ခုဖြစ်အောင်
ကိုတို့ ကြိုးစားကြမယ်……
အကြင်နာတွေကိုမိုးပြီး
သစ္စာတစ်ရားကိုအကာလုပ်
မေတ္တာတရားဆိုတယ့်
ခြံဝန်းလေးထဲမှာ
အချစ်အိမ်ကလေးဆောက်ကြမယ်
အကောင်းအဆိုးမှန်သမျှ
မင်းရဲ့ လက်ကိုတွဲပြီးရင်ဆိုင်မယ်
အခက်ခဲတွေရှိလာရင်လဲ
အားမငယ်နဲ့ ချစ်သူ
မင်းရဲ့ ဘေးမှာကိုရှိတယ်
အားပေးဖော်ချစ်သူလေးကို
ကို့ နားမှာထားပြီး
အန္တရာယ်ဆိုတာတွေကို
ရင်ဆိုင်ပြစ်မယ်
ကိုဟာမင်းအတွက်
အရာရာကိုရင်ဆိုင်ဖို့ 
အသင့်ရှိနေသူပါ……

         သွေးငယ်(ဖြိုးဇင်ကို)
             ပုသိမ်သား

ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း

အကြံပြုချင်သောလည်ကောင်း

သွေးငယ် ဖုန်းနံပါတ်

09791212208,09971136743

သို့ ဆက်သွယ်နိင်ပါသည်။

ကြိုးစာပါအုံးမည်။



ဝေရပြီချစ်သူ

ဝေးရပြီချစ်သူ
<><><><><>
မောင်………
ပြန်လာပါ မောင်အပြန်
သပြေခက်နဲ့ 
မယ်ရွာဦးကစောင့်နေမယ်
တိုင်းပြည့်အတွက်
တိုက်ပွဲဝင်ဖို့ 
စစ်မြေပြင်ထွက်ခါနီး
ချစ်သောသူမှာစကား
ရင်ထဲမှာကြားယောင်မိတယ်………
ဒိုင်း……………
အား ……… တိုင်းပြည့်အတွက်
ငါ့ရဲ့ အသက်ကို
ပေးအပ်ကာလူုရတော့မယ်
ရင်ခွင်ကကျည်ဒဏ်ရာက
သေလောက်အောင်နာကျင်လာတယ်
မွေးရပ်ကမောင့်ချစ်သူလေး
မျက်နှာကိုမြင်ယောင်မိပြန်တော့
စစ်သားရဲ့ ပါးပြင်
မျက်ရည်တွေတစ်သွင်သွင်စီးရပြီ
သပြေခက်နဲ့  ရွာထိပ်ကစောင့်နေမယ့်
ချစ်သူဆီမောငိမပြန်နိင်တောဘူး
ေ ဝးရမယ္အသိ
တွေးမိလာရင်း
ရင်ဖက်ကကျည်ဒဏ်ရာနဲ့ 
မကြာခင် ဤကမ္ဘာက
ငါထွက်ခွာရတော့မယ်……
စစ်သားရဲ့ အချစ်က
ဆုံစည်းခွင့်မရလေပြီ
ချစ်ရသူရေ
မောင်ချစ်တယ့်အမိမြေကို
တိုင်တည်ကာသစ္စာပြုလို့ 
ဆုတစ်ခုတောင်းခဲ့ ပါတယ်
နောင်ဘဝဆိုတာရှိခဲ့ မယ်ဆိုရင်
မင်းနဲ့ တူပေါင်းရပါလို၏…………


                                      သွေးငယ်(ဖြိုးဇင်ကို)
                                 ပုသိမ်သား



ကဗျာဆရာတစ်ယောက်မဟုတ်ပေမယ့် ကဗျာရေးရတာဝါသနာပါလို့   ကဗျာလေးတွေရေးဖြစ်ပါတယ်။ကဗျာလေးတွေကို ဝေဖန်ခြင်သော်လည်ကောင်း
အကြံပြုချင်သောလည်ကောင်း
သွေးငယ် ဖုန်းနံပါတ်
09791212208,09971136743
သို့ ဆက်သွယ်နိင်ပါသည်။
ကြိုးစာပါအုံးမည်။


Saturday, November 28, 2015

ကဗျာလေးတွေအားပေးကြပါနော်~~~
ကဗျာတွေဖက်ချင်ရင်တော့
<<ဒီကိုဝင်ကြည့်နော်>>


ချစ်နေဆဲပါ
~~~~~~
မင်းငါ့ကို ဘယ်လောက်မုန်းမုန်း
ငါမင်းကိုဘယ်ခါမှမမုန်းခဲ့ ဘူး
နောက်တစ်ယောက်ထားတာသိလဲ
ငါခွင့်လွှတ်ပေးခဲ့ တယ်နော်
မင်းမသိခဲ့ ဘူးချစ်သူ
လမိုက်ညရယ့် သစ်ပင်ရိပ်အောက်မှာ
မျက်ရည်စတွေနဲ့ ငိုကြွေးနေမိတယ်
မင်းမသိခဲ့ ပါဘူး
အမှန်းတရားကိုလက်ခံနိင်ဖို့ 
မျက်ရည်တွေကိုသုတ်လိုက်ပေမယ့်
ငါ့ဘယ်ဘက်ကမ္ဘာတစ်ခြမ်းမှာ
ဝေဒနာမီးတွေတောက်လောင်နေတယ်
သေလောက်အောင်ခံစားနေရလဲ
မင်းပျော်နေမှာပါလို့ တွေးရင်း
ဖြေသိမ့်လိုက်မိတယ်ချစ်သူ
မနက်ဖြန်မှာမင်းနဲ့ ငါက
သူစိမ်းတွေဖြစ်သွားတော့မှာသိပြန်တော့
ငါ့နှလုံးသားလေးကမ္ဘာပျက်နေပြီ
ဆောက်တည်မရဖြစ်နေတယ့်
ငါ့စိတ်တွေကမင်းလေးဆီကို
ရောက်နေမိတယ်
တစ်ပါးသူရင်ခွင်မှာပျော်နေတာသိပေမယ့်
ငါ့ဆီကိုတစ်နေ့ မင်းပြန်လာပါစေလို့ 
မိုးနဲ့ မြေသက်သေထားလို့ 
ဆုတောင်းမိပြန်တယ်ချစ်သူ
ဘာတွေပဲဖြစ်ဖြစ်ပါချစ်သူ
ငါအရမ်းချစ်တယ့်မင်းလေးကို
ငါ့အသက်ငါ့ခန္ဓာတည်မြဲနေသ၍
ဆက်ချစ်နေပါ့မယ်~~~~

         
        သွေးငယ်(ဖြိုးဇင်ကို)


Thursday, October 15, 2015

ချိုမြိန်သောပန်းတိုင်

ချိုမြိန်သောပန်းတိုင်
~~~~~~~~~~~~~

 ချစ်သူ~~~
မျက်နှသာမပေးတယ့်
လောကကြီးကို
အငိုမျက်လုံးတွေနဲ့ 
အရူံးပေးတော့မှာလား
အပြုံးမပျက်တယ့်သစ္စာ
အမုန်းမပါတယ
့်မေတ္တာတွေနဲ့ 
မင်းကို့ ချစ်တယ့်
ငါ့လက်ကိုကိုင်ပြီး
ရင်ဆိုင်ကြမယ်လေ
ငါတို့ ရဲ့ ပန်တိုင်းဟာ
ချိုမြိန်မှာပါကွာ
                သွေးငယ်